တေးသီငှက်

ဂီတသံစဉ်များစုဝေးရာ ..


လိုက်ဖက်တဲ့ဘဝ - Rဇာနည် + ဝိုင်းစုခိုင်သိန်း


~ ရှင်သန်ချိန် . မင်းကိုပဲ .. ဘယ်သူနဲ့မှ . .. တို့ဘယ်သူမှ . လာကာမယှဉ်ပြိုင်နိုင်အောင်ပိုချစ်မှာ ..
ရည်ရွယ်ရာ လှမ်းမျှော်ရင်း .. ဘယ်လောက်အရှုံးနဲ့တို့တွေ့လိုက် .. ဒီအချစ်ကိုအမြဲလိုတန်ဖိုးထားချစ်နေမှာ .. . ~~


ဝိုင်းစုခိုင်သိန်း ရဲ့ တစ်ကိုယ်တော် "မက်လောက်စရာ" ထဲက Rဇာနည်နဲ့ စုံတွဲဆိုထားတဲ့ "လိုက်ဖက်တဲ့ဘဝ" ပါ။ ဒီတစ်ပုဒ်ကတော့ ပြောစရာမလိုအောင် ကောင်းနေပါတယ်။ တစ်ခွေလုံးကို ဒီမှာယူပါ ==> http://myanmarmp3album.com/2009/07/30/11349/

၀၁ မဆုံနိုင်တော့မှ
၀၂ ဘယ်သောအခါမှ
၀၃ ငါ့ကိုချစ်ရင်
၀၄ မငြင်းပါနဲ့ 
၀၅ ပြော
၀၆ နှုတ်မဆက်နဲ
၀၇ ဝေးသွားပြီ
၀၈ စနေနေ့ ည
၀၉ အလွဲ
၁၀ မလိုချင်တာတွေ
၁၁ အိပ်မက်ထဲမှာ
၁၂ အဆုံးမဲ့
၁၃ သိခဲ့ချိန်

Download album ==> http://myanmarmp3album.com/2009/07/22/11254/

ဒီသီချင်းထဲက ကောင်လေးက သူ့ရဲ့ကောင်မလေးကိုအမြဲအနိုင်ယူတယ်။ ဂရုလည်းမစိုက်ဘူး။ ဒါကိုအဲဒီကောင်မလေးက အမြဲတမ်းနားလည်ပေးပြီးခွင့်လွှတ်တယ်။ ဒီလိုနဲ့နေလာတာကြာတော့ တစ်ရက်ကျတော့ အဲဒီကောင်လေးက စဉ်းစားမိတယ် .. သူက သူ့ကောင်မလေးအပေါ်မှာ အမြဲအနိုင်ယူနေပေမယ့် တကယ်တမ်းနိုင်နေတာဟာ သူမဟုတ်ပဲ ကောင်မလေးဖြစ်နေပါလားဆိုတာ။ အဲတော့ သူက ကောင်မလေးကိုပြောတယ် ... ကောင်မလေးရေ တကယ်တမ်းတော့ အနိုင်ရနေတာဟာ ကိုယ်မဟုတ်ပါဘူး .. မင်းပါ.. ဒါကိုတောင် မင်းက ရှုံးတယ်လို့ပြောမယ်ဆိုရင်တော့ .. ဒါဟာ တန်ဖိုးရှိတဲ့ အရှုံး .. ရွှေရောင်အရှုံးပဲဖြစ်လိမ့်မယ် ...

တေးရေးဆရာ ညီညီသွင်

တစ်ခါတစ်ရံမှာ လူတစ်ယောက်ဟာ သူ့ရဲ့အလုပ်တွေကို တအားဦးစားပေးလွန်းတဲ့အခါ သူ့ဘေးပတ်ဝန်းကျင်က လူတွေအပေါ် ချို့ယွင်းလာတတ်ပါတယ်။ ဒါကို အလုပ်အပေါ်အာရုံထားနေတဲ့အချိန်တုန်းကတော့ သတိမထားမိပဲ အချိန်တစ်ခုကြာတော့မှသတိထားမိတဲ့အခါ သူဟာ သူ့ပတ်ဝန်းကျင်က လူတွေအပေါ် အနိုင်ယူနေမိပါလားဆိုတာကို သိသွားရတဲ့ သဘောသဘာဝကို ရေးဖွဲ့ထားတဲ့သီချင်းတစ်ပုဒ်ပါ။ R ဇာနည် နဲ့ မီးမီးခဲ တို့ရဲ့ စုံတွဲသီချင်း ရွှေရောင်အရှုံးကို Melody World က အောင်ခန့် နဲ့ မီးနို ကပြန်လည် ဆန်းသစ်ထားပါတယ်။ စာသားတွေ သံစဉ်တွေကိုလည်း နည်းနည်းပြောင်းထားတော့ စစနားထောင်ခါစကတော့ သိပ်မကောင်းသလိုလိုနဲ့ သူ့ဟာနဲ့သူတော့ မဆိုးပါဘူး။ နားထောင်ကြည့်ပါဦး ။

ရွှေရောင်အရှုံး - အောင်ခန့် + မီးနို