တေးသီငှက်

ဂီတသံစဉ်များစုဝေးရာ ..



photo credit to >> www.shweamyutay.com

city fm (၈) နှစ်ပြည့် ခွေကတော့ ဒီတစ်နှစ် ထူးထူးခြားခြား ဂီတာ theme နဲ့ ထွက်ရှိလာပါတယ်။

၁) ဂီတအစဘယ်သူက - ဝိုင်းစုခိုင်သိန်း + Jenny
ဝိုင်းစုခိုင်သိန်း + Jenny တို့ရဲ့ အသံတွေက အတွဲညီသလို သီချင်းလေးကလည်း ဂီတာ တီထွင်ဖန်ဆင်းခဲ့တဲ့အကြောင်းကို အဓိပ္ပာယ်ရှိရှိနဲ့ မြူးမြူးလေးဆိုသွားပါတယ်။

၂) ရင်ထဲကလာတဲ့သီချင်း - ဖိုးကာ
☊ ဒီညမှာဝေတဲ့နှင်းဟာတစ်ဘဝစာ အစဉ်အေးချမ်းမယ့် နမိတ်ပေါ့.. ဒီညမှာ ဆိုတဲ့ သီချင်းဟာ တစ်ဘဝစာ အစဉ်နွေးထွေးမယ့် အချစ်ပေါ့ ☋ ~~ .. ဖိုးကာ ရဲ့ အကောင်းဆုံး သီချင်းတွေထဲက အကောင်းဆုံး တစ်ပုဒ်ပါပဲ။ ညဖက် အဆောင်ရှေ့ဂစ်တာသွားတီးတဲ့ အငွေ့အသက်လေးတွေတောင် ဖုံးလွှမ်းနေလေရဲ့။

၃) အချစ်နဲ့ဂီတာ - ရေဗက္ကဝင်း
ညဖက် မှာ ပျော်ရွှင်စွာ သီချင်းများနဲ့ ကခုန် မြူးထူး ပုံကို မြူးကြွစွာ ရေးစပ်ထားတဲ့သီချင်းလေးကို ရေဗက္ကဝင်းက ဆန်းဆန်းပြားပြား လေး သီဆိုသွားပါတယ်။

၎) သီချင်းမရှိတဲ့ ဂစ်တာ - Lဆိုင်းဇီ
သီချင်းဟောင်းလေးပါ။ Lဆိုင်းဇီ ပြန်လည် ဆန်းသစ်ထားပုံက သီချင်းလေးကို ပိုအသက်ဝင်သွားစေပါတယ်။

၅) ဂစ်တာကြိုးလေးပြတ်သွားပြီ - အနဂ္ဂ၊ သံသာဝင်း
ယုဇန က tempo မြန်ထားတဲ့ version ကို သံသာဝင်းကနှေးပြီး အနဂ္ဂ ရဲ့ rap နဲ့ ပေါင်းစပ်ထားပါတယ်။ မြန်တာကို နားစွဲနေတော့ စစချင်းမှာ နားထောင်ရခက်ပေမယ့် သူ့ဟာနဲ့သူတော့ တစ်မျိုးဆန်းနေပါတယ်။

Download Mp3 ==> http://myanmarmp3album.com/2010/07/27/22485/