တေးသီငှက်

ဂီတသံစဉ်များစုဝေးရာ ..

ဒီတစ်နှစ်ပြိုင်ပွဲ အစအဆုံးကို ကြည့်ခွင့်မရခဲ့ပေမယ့် melody world ကတော့ ထုံးစံအတိုင်း အရည်အချင်းရှိတဲ့ ကျောက်ရိုင်းများကို အလှပဆုံးသွေးထားတဲ့ ၂၀၀၉ (နောက်တစ်နှစ်) ခွေလေး ထွက်ရှိလို့လာပါပြီ။

  • ပထမဆုံး နားထောင်ဖြစ်တဲ့ သီချင်းကတော့ သေရာပါမယ့်အချစ် - ဗန်းသောင်ကျင်း ပါ။ ခွေမထွက်ခင်ကတည်းက နာမည်နဲ့ရင်းနှီးခဲ့ရတဲ့ သူမို့ စိတ်ဝင်စားစွာ နားထောင်ဖြစ်ခဲ့တာပါ။ ချမ်းချမ်းရဲ့ လက်သစ်လို့ ပြောရမလားပဲ။ အသံအတက်အကျ၊ အဆွဲအငင်၊ အဖြတ်အတောက် လိုအပ်သလို ဆော့ကစားသွားတာ. ချမ်းချမ်း နဲ့ နီနီခင်ဇော် တို့ကြားထဲကနေ ကိုယ့်ပုံစံလေးနဲ့ ဆိုခဲ့တာ. တစ်ခါနားထောင်ရုံနဲ့ကို ကြိုက်မိသွားခဲ့ပါတယ်။ အားလုံးထဲကနေ ထူးခြားစွာ နာမည်ကြီးလာဦးမယ့် အဆိုတော်လေးပေါ့။

  • တို့အတူ - ဒါးဒါး၊ မိုးမြင့်မောင်- Melody World ရဲ့ အကောင်းဆုံးစုံတွဲထဲက အကောင်းဆုံးတစ်ပုဒ်ပါပဲ။ ယောက်ျားလေးရဲ့ ကရုဏာ ရှိလှတဲ့ အသံနဲ့ မိန်းကလေးရဲ့ ချိုမြိန်သော အသံကတော့ သီချင်းနဲ့ထပ်တူကျသွားပါတယ်။
  • ကိုယ်ရံတော် - ရွှေရည်ဖြိုးမောင် - ခင်စုစုနိုင်ရဲ့ သူငယ်ချင်း၊ ၂၀၀၈ က ပြိုင်ခဲ့ပြီး ဆုမရခဲ့ပါဘူး။ မနှစ်ကနဲ့ မတူပဲ အတော့်ကို ကောင်းလာပါတယ်။ ~~~ မိုးထက်က ကြယ်စင် လှမ်းကာခူးလိုက်ချင်.. မင်းက ငါ့ရဲ့ကမ္ဘာကြီး.. မင်းကငါ့ရဲ့ အိပ်မက် သခင်~~ တော်တော်လေးကို ဆွဲဆောင်နိုင်မယ့် သီချင်းပါပဲ..

  • ဆုတောင်း - သီရိခင်ဇော် - ကြယ်ကြွေချိန်လေးမှာ ဆုတောင်းချင်လား. ညဖက် ရှုခင်းလေးကို ငေးမောရင်း စိတ်ကူးထဲမှာ လွင့်မျောရတာကို ကြိုက်လား။ ဒီသီချင်းလေးကို နားထောင်ကြည့်လိုက်ပါ။ :)
  • နှစ်သိမ့်ဆု - ဖြိုးမင်းသူ - အချစ်က ဝဋ်ကြွေးလို့ပဲပြောမလား.. ငါ့အတွက်နှစ်သိမ့်ဆုများ ~~

  • သူငယ်ချင်းအချစ်ထက်ပို - ကျော်ဇင်ထက် - .. အေးစက်စွာ စဝင်တဲ့ သီချင်းလေးက ဒါဆိုရင် သူငယ်ချင်း ဆက်ချစ်ခွင့်ရှိရဲ့လား~~ မှာ အရှိန်တက်သွားတယ်။ ဒီနေရာကတော့ ဒီသီချင်းရဲ့ အသက်ပါပဲ။

  • ဒီနေ့ဖွင့်ပြောမယ် - အောင်ဖုန်းမော်- ၂၀၀၈ က ကျော်ဇင်မင်းရဲ့ နောက်တစ်ကြိမ်တွေ့ခဲ့ရင် ရဲ့ပုံစံနဲ့ သီချင်းတစ်ပုဒ်ပါ။ ဟို့ ဟို့ ဟို့ ဟို့ ~~~ အိုး အိုးးးး .. :)

  • မေ့လိုက်သူ - ဟေမာန်မြင့်ဇော် - တိမ်တွေခေါ်ဆောင်ရာဆီ မျောလွင့်လို့ ~~ .

  • အမြဲတမ်းရှိနေမလား - မင်းမင်း - မင်းဇင် မကျ လေးနက် မကျ အသံမျိုးလေးပါ။

  • အသက်မဲ့သီချင်း - အားမာန်- သီချင်းလေးက အသက်မဲ့နေပြီလား။ ဒီအချိန်ရောက်ရင် မင်းရောက်လာမလား ~~ ..

*ဆက်ရန်*

Download Whole Album (Credit to Myanmar Cupid)

--



photo credit to >> www.shweamyutay.com

city fm (၈) နှစ်ပြည့် ခွေကတော့ ဒီတစ်နှစ် ထူးထူးခြားခြား ဂီတာ theme နဲ့ ထွက်ရှိလာပါတယ်။

၁) ဂီတအစဘယ်သူက - ဝိုင်းစုခိုင်သိန်း + Jenny
ဝိုင်းစုခိုင်သိန်း + Jenny တို့ရဲ့ အသံတွေက အတွဲညီသလို သီချင်းလေးကလည်း ဂီတာ တီထွင်ဖန်ဆင်းခဲ့တဲ့အကြောင်းကို အဓိပ္ပာယ်ရှိရှိနဲ့ မြူးမြူးလေးဆိုသွားပါတယ်။

၂) ရင်ထဲကလာတဲ့သီချင်း - ဖိုးကာ
☊ ဒီညမှာဝေတဲ့နှင်းဟာတစ်ဘဝစာ အစဉ်အေးချမ်းမယ့် နမိတ်ပေါ့.. ဒီညမှာ ဆိုတဲ့ သီချင်းဟာ တစ်ဘဝစာ အစဉ်နွေးထွေးမယ့် အချစ်ပေါ့ ☋ ~~ .. ဖိုးကာ ရဲ့ အကောင်းဆုံး သီချင်းတွေထဲက အကောင်းဆုံး တစ်ပုဒ်ပါပဲ။ ညဖက် အဆောင်ရှေ့ဂစ်တာသွားတီးတဲ့ အငွေ့အသက်လေးတွေတောင် ဖုံးလွှမ်းနေလေရဲ့။

၃) အချစ်နဲ့ဂီတာ - ရေဗက္ကဝင်း
ညဖက် မှာ ပျော်ရွှင်စွာ သီချင်းများနဲ့ ကခုန် မြူးထူး ပုံကို မြူးကြွစွာ ရေးစပ်ထားတဲ့သီချင်းလေးကို ရေဗက္ကဝင်းက ဆန်းဆန်းပြားပြား လေး သီဆိုသွားပါတယ်။

၎) သီချင်းမရှိတဲ့ ဂစ်တာ - Lဆိုင်းဇီ
သီချင်းဟောင်းလေးပါ။ Lဆိုင်းဇီ ပြန်လည် ဆန်းသစ်ထားပုံက သီချင်းလေးကို ပိုအသက်ဝင်သွားစေပါတယ်။

၅) ဂစ်တာကြိုးလေးပြတ်သွားပြီ - အနဂ္ဂ၊ သံသာဝင်း
ယုဇန က tempo မြန်ထားတဲ့ version ကို သံသာဝင်းကနှေးပြီး အနဂ္ဂ ရဲ့ rap နဲ့ ပေါင်းစပ်ထားပါတယ်။ မြန်တာကို နားစွဲနေတော့ စစချင်းမှာ နားထောင်ရခက်ပေမယ့် သူ့ဟာနဲ့သူတော့ တစ်မျိုးဆန်းနေပါတယ်။

Download Mp3 ==> http://myanmarmp3album.com/2010/07/27/22485/

image credit to www.deviantart.com

L လွန်းဝါ ရဲ့ "I.M (1) အကြောင်း" ကို နားထောင်ပြီးတော့ အကြံရလာလို့ .. သီချင်းက ပြောတဲ့ပုံပြင်တွေကိုနားထောင်ကြည့်ရအောင် ……..


ကိုပေါ

သူဌေးသမီးက ဆိုသတဲ့ . အချစ်စစ်တော့ ဖြစ်ခဲ့ရင် ငွေအသပြာတစ်သောင်းတိတိသာ အဖေ့ဆီတင်တောင်းပါ။

အဆောင်သရ

အဆောင်မှာပွင့်တဲ့ပန်းကြောင့်လား.. အဆောင်သူလေးရဲ့အစွမ်းကြောင့်လား . အဆောင်နားတစ်ဝိုက် တဝဲလည်လည် .. .. ဘာကိုမှလည်း စိတ်မဝင်စား

အဖေ

တစ်နေ့တော့လေ လေမုန်တိုင်းကြီးကျလို့လာ.. ဝမ်းနည်းစရာ ပင်လယ်ထဲငါးဖမ်းသွားတဲ့ တို့ရဲ့အဖေ ပြန်လာချိန်ဟာနောက်ကျခဲ့ပြီ ..

ပဲ့ကိုင်

အားလုံးကို ငါဟာ လမ်းပြအဖြစ်သွားလိုရာ ပို့ခဲ့ပြီးအပြန် .. ငါ့ရွက်တွေဟာ ကျိုးပဲ့လို့တက်တွေဟာ အလုပ်မလုပ်တော့ ..

တစ်ဆယ်

ခဏ . ခဏ အကျိုးပေးတယ် ကျွန်တော်ဟာ တစ်ဆယ်ဂဏန်းနဲ့ .. ခဏခဏ အကျိုးနည်းတယ်. ကျွန်တော်ဟာ တစ်ဆယ်ဂဏန်းနဲ့ ..

I.M (1) ကအကြောင်း

သတင်းပေါင်းစုံရောက်တဲ့ စာသင်ခန်းလေးမှာ ပြင်းထန်တဲ့အချုပ်အနှောင်တွေနဲ့ ကောင်မလေးအကြောင်းတွေဟေ့ ..

  • မှန်နံရံများ - ဖြိုးကျော်ထိုက်

    …..

  • မင်းတစ်ယောက်သာ - နေမျိုး

    တေးရေး၊ တေးဆို နေမျိုး ရဲ့ မင်းတစ်ယောက်သာ။ "လေပြည်ညှင်းတွေ တိုက်ခတ်မှ သာယာပါတယ် ချစ်သူအပြုံး၊ အချိန်တိုင်းမှာ အနားရှိမှ ပျော်ရွှင်ပါတယ် ချစ်သူအပြုံး" … ကိုယ့်ချစ်သူတစ်ယောက်တည်းကိုသာ စွဲမြဲပြီး ချစ်နေမယ် ဆိုတဲ့ သမရိုးကျ အဓိပ္ပာယ်နဲ့ သီချင်းလေးပေမယ့် သံစဉ်နဲ့ စာသား လိုက်ဖက်ပြီး နားထောင်လို့ ကောင်းတဲ့သီချင်းတစ်ပုဒ်ပါ။

  • နှုတ်ဆက်စာ - သဇင်

    တေးရေး အရိုး ရေးပေးထားတဲ့ သီချင်းတစ်ပုဒ်ပါ။ သဇင်ရဲ့ အဆိုကို မကြိုက်ပေမယ့် အရိုးရဲ့ စာသားတွေကြောင့် နားထောင်ဖြစ်ခဲ့ပါတယ်။

  • မင်းဘက်ကခွင့်လွှတ် - ဟဲလေး

    ကိုယ့်ဖက်က မှားပေမယ့် ချစ်လို့သာ မှားယွင်းခဲ့တာ ဖြစ်တယ်၊ ချစ်သူလေးသာ ဘေးနားမှာ ရှိရင် အင်အားတွေရှိတယ် ဆိုပြီး လှပတဲ့ ချစ်သူအတွက် စပ်ဆက်ထားတဲ့ ဟဲလေးရဲ့ ပုံစံ သီချင်းတစ်ပုဒ်ပါ။

  • ချစ်သူရဲ့ပုံပြင် - A နွန်

    "ရိုမီယို၊ ဂျူးလီယက် မမှီနိုင်ဘူးဆို၊ အာဒံ၊ ဧဝ ထက် တို့ချစ်မယ်ဆို အခုတော့လည်းလေ ပုံပြင်ထဲမှာ ချန်ထားခဲ့သူရယ်" ဆိုတဲ့ စာသားမျိုးနဲ့ ရေပန်းစားနေတဲ့ သီချင်းကို ပုံစံအသစ်မျိုးနဲ့ ကြားရမှာပါ။

  • ပြန်မဆုံဖြစ်ကြရင် - Vနိုထွန်း
  • လမ်းမခွဲကြေး - သြရသ + အေသင်ချိုဆွေ
  • အကြည့်တစ်ချက် - ဆင်ပေါက်

    သီချင်းအဟောင်းတွေကို version ပြောင်းပြီး ပြန်ဆိုရင် တချို့သီချင်းတွေကဆန်းသစ်သွားနိုင်ပေမယ့် တချို့ သီချင်းတွေကတော့ ပုံပျက်သွားတတ်ပါတယ်။ "လမ်းမခွဲကြေး" နဲ့ "အကြည့်တစ်ချက်" ကတော့ သိပ်မပြောင်းလဲပေမယ့် "ပြန်မဆုံဖြစ်ကြရင်" ကိုတော့ နောက်ဆုံး အပိုဒ် 2nd ဖြုတ်လိုက်တာကတော့ တော်တော်လေး ဘဝင်မကျဘူး။

  • ရင်မှာအရင်အတိုင်း - အစ္စဏီ

    မြင့်မြတ် နဲ့ စိုးမြတ်နန္ဒာ တို့ရဲ့ ဂျေ ရုပ်ရှင်ဇာတ်ကားထဲက သီချင်းကို rap စာသားဖြုတ်ပြီး ပြန်ဆိုထားတာပါ။ ရုပ်ရှင်ထဲက အတိုင်းမဟုတ်ပဲ တစ်မျိုး တစ်ဖုံ နဲ့ ကြားကြရမှာပါ။

  • မယုံနိုင်အောင် - သီရိဆွေ

    ရေး/ဆို သီရိဆွေရဲ့ သီချင်းတစ်ပုဒ်ပါ။ ငါ့လိုချစ်မယ့်သူ လောက် သီချင်းက မဆန်းပေမယ့် ရိုးရိုးလေးနဲ့ စာသားလှတဲ့သီချင်းတစ်ပုဒ်ပေါ့။

  • မျှော်လင့်ရင်းဝေး - မေသူ

    တေးရေး အောင်လ ရေးပေးထားပြီး မိန်းကလေး တစ်ယောက်ရဲ့ တစ်ဖက်သတ်အချစ်ကို ဖွဲ့ဆိုထားတဲ့ သီချင်းပါ။ စာသားတွေက အဓိပ္ပာယ် ပေါ့နေသလို မေသူရဲ့ ဆိုဟန်ကလည်း အားလျှော့နေပါတယ်။ သူသာ နည်းနည်း mood ထည့်ပြီး ဆိုလိုက်ရင်တော့ သီချင်းကောင်းတစ်ပုဒ်ဖြစ်သွားမှာပါ။ နှမြောစရာ။

  • နင်စေရင် - ပူစူး

တစ်မိုးအောက်၊ ဝန်ခံပါ၊ မျက်နှာ သီချင်းများကြိုက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့ဦးမယ့် ပူစူးရဲ့ အရေးအသားများနဲ့ သီချင်းကောင်းတစ်ပုဒ်ပေါ့။

Download Album

နီနီခင်ဇော်ဟာ၂၀၀၈ Melod World ပထမဆုပိုင်ရှင်ပါ။ သူ့သီချင်းလိုချင်သူများအတွက် ပြိုင်ပွဲတုန်းက သီချင်းအချို့နဲ့ ခွေထဲက သီချင်းတွေကို စုတင်ပေးလိုက်ပါတယ်။

  • 2008 Melody World level 1 မှာ နွဲ့ယဉ်ဝင်း ရေးပြီး လေးလေးဝါးဆိုထားတဲ့ ကိုယ်မညာတော့ဘူး သီချင်းနဲ့ ဒုတိယ၊
  • နောက်တစ်ခါထပ်ပြိုင်တဲ့ အခါမှာ တေးရေးဇဝါ၊ တေးဆို L ဆိုင်းဇီ ရဲ့ မလွမ်းရဲသေးဘူး မောင်ရယ် သီချင်းနဲ့ ပထမ၊
  • Level 2 မှာ ရေဗက္ကဝင်း(ရွှေဂျော်ဂျော်) ရဲ့ goody bye နဲ့ ပထမ၊
  • Level 3 မှာ ရေဗက္ကဝင်း (ရွှေဂျော်ဂျော်) ရဲ့ နမော်နမဲ့သီချင်းနဲ့ ဒုတိယ၊
  • Final မှာ တေးရေးမြင့်မိုးအောင် ရေးပေးတဲ့ ရပ် ဆိုတဲ့ သီချင်းနဲ့ ပထမဆုကို ရရှိသွားခဲ့ပါတယ်။

တေးရေး R ခိုင် ရဲ့ သီချင်းကောင်းလေးတစ်ပုဒ်ပါ။

  • ရန်သူ (the best of melody world vol.1)

    တေးရေး ရွှေဂျော်ဂျော် ရဲ့လက်ရာသီချင်းတစ်ပုဒ်ပေါ့.. ..

    သင်ခန်းစာ- ၂

  • လောလောဆယ်ကမှ ထွက်ထားတဲ့ စုမိ- ချစ်လို့မဝ ခွေထဲမှာ featuring ဆိုထားတာပါ။

~~ မင်းကိုသတိရရင် လျှောက်လည်ဖူးတဲ့နေရာတွေ ငါမင်းကိုတွေ့နေပါတယ် အနားမှာမရှိလည်း ..
တို့မဝေးဘူး တို့ယုံတယ်.. အို .. အိပ်မက်ထဲလည်း ညစဉ် တို့လွမ်းသလို မင်းမျှော်နေ လွမ်းမယ်ထင်တယ် ..
မမေ့ဘူး ထင်တယ် ~~

မင်းကိုသတိရရင် - ကောင်းကောင်း + မို့မို့လွင်