….. တေးရေး၊ တေးဆို နေမျိုး ရဲ့ မင်းတစ်ယောက်သာ။ "လေပြည်ညှင်းတွေ တိုက်ခတ်မှ သာယာပါတယ် ချစ်သူအပြုံး၊ အချိန်တိုင်းမှာ အနားရှိမှ ပျော်ရွှင်ပါတယ် ချစ်သူအပြုံး" … ကိုယ့်ချစ်သူတစ်ယောက်တည်းကိုသာ စွဲမြဲပြီး ချစ်နေမယ် ဆိုတဲ့ သမရိုးကျ အဓိပ္ပာယ်နဲ့ သီချင်းလေးပေမယ့် သံစဉ်နဲ့ စာသား လိုက်ဖက်ပြီး နားထောင်လို့ ကောင်းတဲ့သီချင်းတစ်ပုဒ်ပါ။ တေးရေး အရိုး ရေးပေးထားတဲ့ သီချင်းတစ်ပုဒ်ပါ။ သဇင်ရဲ့ အဆိုကို မကြိုက်ပေမယ့် အရိုးရဲ့ စာသားတွေကြောင့် နားထောင်ဖြစ်ခဲ့ပါတယ်။ ကိုယ့်ဖက်က မှားပေမယ့် ချစ်လို့သာ မှားယွင်းခဲ့တာ ဖြစ်တယ်၊ ချစ်သူလေးသာ ဘေးနားမှာ ရှိရင် အင်အားတွေရှိတယ် ဆိုပြီး လှပတဲ့ ချစ်သူအတွက် စပ်ဆက်ထားတဲ့ ဟဲလေးရဲ့ ပုံစံ သီချင်းတစ်ပုဒ်ပါ။ "ရိုမီယို၊ ဂျူးလီယက် မမှီနိုင်ဘူးဆို၊ အာဒံ၊ ဧဝ ထက် တို့ချစ်မယ်ဆို အခုတော့လည်းလေ ပုံပြင်ထဲမှာ ချန်ထားခဲ့သူရယ်" ဆိုတဲ့ စာသားမျိုးနဲ့ ရေပန်းစားနေတဲ့ သီချင်းကို ပုံစံအသစ်မျိုးနဲ့ ကြားရမှာပါ။ သီချင်းအဟောင်းတွေကို version ပြောင်းပြီး ပြန်ဆိုရင် တချို့သီချင်းတွေကဆန်းသစ်သွားနိုင်ပေမယ့် တချို့ သီချင်းတွေကတော့ ပုံပျက်သွားတတ်ပါတယ်။ "လမ်းမခွဲကြေး" နဲ့ "အကြည့်တစ်ချက်" ကတော့ သိပ်မပြောင်းလဲပေမယ့် "ပြန်မဆုံဖြစ်ကြရင်" ကိုတော့ နောက်ဆုံး အပိုဒ် 2nd ဖြုတ်လိုက်တာကတော့ တော်တော်လေး ဘဝင်မကျဘူး။ မြင့်မြတ် နဲ့ စိုးမြတ်နန္ဒာ တို့ရဲ့ ဂျေ ရုပ်ရှင်ဇာတ်ကားထဲက သီချင်းကို rap စာသားဖြုတ်ပြီး ပြန်ဆိုထားတာပါ။ ရုပ်ရှင်ထဲက အတိုင်းမဟုတ်ပဲ တစ်မျိုး တစ်ဖုံ နဲ့ ကြားကြရမှာပါ။ ရေး/ဆို သီရိဆွေရဲ့ သီချင်းတစ်ပုဒ်ပါ။ ငါ့လိုချစ်မယ့်သူ လောက် သီချင်းက မဆန်းပေမယ့် ရိုးရိုးလေးနဲ့ စာသားလှတဲ့သီချင်းတစ်ပုဒ်ပေါ့။ တေးရေး အောင်လ ရေးပေးထားပြီး မိန်းကလေး တစ်ယောက်ရဲ့ တစ်ဖက်သတ်အချစ်ကို ဖွဲ့ဆိုထားတဲ့ သီချင်းပါ။ စာသားတွေက အဓိပ္ပာယ် ပေါ့နေသလို မေသူရဲ့ ဆိုဟန်ကလည်း အားလျှော့နေပါတယ်။ သူသာ နည်းနည်း mood ထည့်ပြီး ဆိုလိုက်ရင်တော့ သီချင်းကောင်းတစ်ပုဒ်ဖြစ်သွားမှာပါ။ နှမြောစရာ။ တစ်မိုးအောက်၊ ဝန်ခံပါ၊ မျက်နှာ သီချင်းများကြိုက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့ဦးမယ့် ပူစူးရဲ့ အရေးအသားများနဲ့ သီချင်းကောင်းတစ်ပုဒ်ပေါ့။
မဖြစ်နိုင်တော့ဘူး (TharTharCs)
7 years ago
0 comments:
Post a Comment