တေးသီငှက်

ဂီတသံစဉ်များစုဝေးရာ ..

ဒီတစ်နှစ်ပြိုင်ပွဲ အစအဆုံးကို ကြည့်ခွင့်မရခဲ့ပေမယ့် melody world ကတော့ ထုံးစံအတိုင်း အရည်အချင်းရှိတဲ့ ကျောက်ရိုင်းများကို အလှပဆုံးသွေးထားတဲ့ ၂၀၀၉ (နောက်တစ်နှစ်) ခွေလေး ထွက်ရှိလို့လာပါပြီ။

  • ပထမဆုံး နားထောင်ဖြစ်တဲ့ သီချင်းကတော့ သေရာပါမယ့်အချစ် - ဗန်းသောင်ကျင်း ပါ။ ခွေမထွက်ခင်ကတည်းက နာမည်နဲ့ရင်းနှီးခဲ့ရတဲ့ သူမို့ စိတ်ဝင်စားစွာ နားထောင်ဖြစ်ခဲ့တာပါ။ ချမ်းချမ်းရဲ့ လက်သစ်လို့ ပြောရမလားပဲ။ အသံအတက်အကျ၊ အဆွဲအငင်၊ အဖြတ်အတောက် လိုအပ်သလို ဆော့ကစားသွားတာ. ချမ်းချမ်း နဲ့ နီနီခင်ဇော် တို့ကြားထဲကနေ ကိုယ့်ပုံစံလေးနဲ့ ဆိုခဲ့တာ. တစ်ခါနားထောင်ရုံနဲ့ကို ကြိုက်မိသွားခဲ့ပါတယ်။ အားလုံးထဲကနေ ထူးခြားစွာ နာမည်ကြီးလာဦးမယ့် အဆိုတော်လေးပေါ့။

  • တို့အတူ - ဒါးဒါး၊ မိုးမြင့်မောင်- Melody World ရဲ့ အကောင်းဆုံးစုံတွဲထဲက အကောင်းဆုံးတစ်ပုဒ်ပါပဲ။ ယောက်ျားလေးရဲ့ ကရုဏာ ရှိလှတဲ့ အသံနဲ့ မိန်းကလေးရဲ့ ချိုမြိန်သော အသံကတော့ သီချင်းနဲ့ထပ်တူကျသွားပါတယ်။
  • ကိုယ်ရံတော် - ရွှေရည်ဖြိုးမောင် - ခင်စုစုနိုင်ရဲ့ သူငယ်ချင်း၊ ၂၀၀၈ က ပြိုင်ခဲ့ပြီး ဆုမရခဲ့ပါဘူး။ မနှစ်ကနဲ့ မတူပဲ အတော့်ကို ကောင်းလာပါတယ်။ ~~~ မိုးထက်က ကြယ်စင် လှမ်းကာခူးလိုက်ချင်.. မင်းက ငါ့ရဲ့ကမ္ဘာကြီး.. မင်းကငါ့ရဲ့ အိပ်မက် သခင်~~ တော်တော်လေးကို ဆွဲဆောင်နိုင်မယ့် သီချင်းပါပဲ..

  • ဆုတောင်း - သီရိခင်ဇော် - ကြယ်ကြွေချိန်လေးမှာ ဆုတောင်းချင်လား. ညဖက် ရှုခင်းလေးကို ငေးမောရင်း စိတ်ကူးထဲမှာ လွင့်မျောရတာကို ကြိုက်လား။ ဒီသီချင်းလေးကို နားထောင်ကြည့်လိုက်ပါ။ :)
  • နှစ်သိမ့်ဆု - ဖြိုးမင်းသူ - အချစ်က ဝဋ်ကြွေးလို့ပဲပြောမလား.. ငါ့အတွက်နှစ်သိမ့်ဆုများ ~~

  • သူငယ်ချင်းအချစ်ထက်ပို - ကျော်ဇင်ထက် - .. အေးစက်စွာ စဝင်တဲ့ သီချင်းလေးက ဒါဆိုရင် သူငယ်ချင်း ဆက်ချစ်ခွင့်ရှိရဲ့လား~~ မှာ အရှိန်တက်သွားတယ်။ ဒီနေရာကတော့ ဒီသီချင်းရဲ့ အသက်ပါပဲ။

  • ဒီနေ့ဖွင့်ပြောမယ် - အောင်ဖုန်းမော်- ၂၀၀၈ က ကျော်ဇင်မင်းရဲ့ နောက်တစ်ကြိမ်တွေ့ခဲ့ရင် ရဲ့ပုံစံနဲ့ သီချင်းတစ်ပုဒ်ပါ။ ဟို့ ဟို့ ဟို့ ဟို့ ~~~ အိုး အိုးးးး .. :)

  • မေ့လိုက်သူ - ဟေမာန်မြင့်ဇော် - တိမ်တွေခေါ်ဆောင်ရာဆီ မျောလွင့်လို့ ~~ .

  • အမြဲတမ်းရှိနေမလား - မင်းမင်း - မင်းဇင် မကျ လေးနက် မကျ အသံမျိုးလေးပါ။

  • အသက်မဲ့သီချင်း - အားမာန်- သီချင်းလေးက အသက်မဲ့နေပြီလား။ ဒီအချိန်ရောက်ရင် မင်းရောက်လာမလား ~~ ..

*ဆက်ရန်*

Download Whole Album (Credit to Myanmar Cupid)

--



photo credit to >> www.shweamyutay.com

city fm (၈) နှစ်ပြည့် ခွေကတော့ ဒီတစ်နှစ် ထူးထူးခြားခြား ဂီတာ theme နဲ့ ထွက်ရှိလာပါတယ်။

၁) ဂီတအစဘယ်သူက - ဝိုင်းစုခိုင်သိန်း + Jenny
ဝိုင်းစုခိုင်သိန်း + Jenny တို့ရဲ့ အသံတွေက အတွဲညီသလို သီချင်းလေးကလည်း ဂီတာ တီထွင်ဖန်ဆင်းခဲ့တဲ့အကြောင်းကို အဓိပ္ပာယ်ရှိရှိနဲ့ မြူးမြူးလေးဆိုသွားပါတယ်။

၂) ရင်ထဲကလာတဲ့သီချင်း - ဖိုးကာ
☊ ဒီညမှာဝေတဲ့နှင်းဟာတစ်ဘဝစာ အစဉ်အေးချမ်းမယ့် နမိတ်ပေါ့.. ဒီညမှာ ဆိုတဲ့ သီချင်းဟာ တစ်ဘဝစာ အစဉ်နွေးထွေးမယ့် အချစ်ပေါ့ ☋ ~~ .. ဖိုးကာ ရဲ့ အကောင်းဆုံး သီချင်းတွေထဲက အကောင်းဆုံး တစ်ပုဒ်ပါပဲ။ ညဖက် အဆောင်ရှေ့ဂစ်တာသွားတီးတဲ့ အငွေ့အသက်လေးတွေတောင် ဖုံးလွှမ်းနေလေရဲ့။

၃) အချစ်နဲ့ဂီတာ - ရေဗက္ကဝင်း
ညဖက် မှာ ပျော်ရွှင်စွာ သီချင်းများနဲ့ ကခုန် မြူးထူး ပုံကို မြူးကြွစွာ ရေးစပ်ထားတဲ့သီချင်းလေးကို ရေဗက္ကဝင်းက ဆန်းဆန်းပြားပြား လေး သီဆိုသွားပါတယ်။

၎) သီချင်းမရှိတဲ့ ဂစ်တာ - Lဆိုင်းဇီ
သီချင်းဟောင်းလေးပါ။ Lဆိုင်းဇီ ပြန်လည် ဆန်းသစ်ထားပုံက သီချင်းလေးကို ပိုအသက်ဝင်သွားစေပါတယ်။

၅) ဂစ်တာကြိုးလေးပြတ်သွားပြီ - အနဂ္ဂ၊ သံသာဝင်း
ယုဇန က tempo မြန်ထားတဲ့ version ကို သံသာဝင်းကနှေးပြီး အနဂ္ဂ ရဲ့ rap နဲ့ ပေါင်းစပ်ထားပါတယ်။ မြန်တာကို နားစွဲနေတော့ စစချင်းမှာ နားထောင်ရခက်ပေမယ့် သူ့ဟာနဲ့သူတော့ တစ်မျိုးဆန်းနေပါတယ်။

Download Mp3 ==> http://myanmarmp3album.com/2010/07/27/22485/

image credit to www.deviantart.com

L လွန်းဝါ ရဲ့ "I.M (1) အကြောင်း" ကို နားထောင်ပြီးတော့ အကြံရလာလို့ .. သီချင်းက ပြောတဲ့ပုံပြင်တွေကိုနားထောင်ကြည့်ရအောင် ……..


ကိုပေါ

သူဌေးသမီးက ဆိုသတဲ့ . အချစ်စစ်တော့ ဖြစ်ခဲ့ရင် ငွေအသပြာတစ်သောင်းတိတိသာ အဖေ့ဆီတင်တောင်းပါ။

အဆောင်သရ

အဆောင်မှာပွင့်တဲ့ပန်းကြောင့်လား.. အဆောင်သူလေးရဲ့အစွမ်းကြောင့်လား . အဆောင်နားတစ်ဝိုက် တဝဲလည်လည် .. .. ဘာကိုမှလည်း စိတ်မဝင်စား

အဖေ

တစ်နေ့တော့လေ လေမုန်တိုင်းကြီးကျလို့လာ.. ဝမ်းနည်းစရာ ပင်လယ်ထဲငါးဖမ်းသွားတဲ့ တို့ရဲ့အဖေ ပြန်လာချိန်ဟာနောက်ကျခဲ့ပြီ ..

ပဲ့ကိုင်

အားလုံးကို ငါဟာ လမ်းပြအဖြစ်သွားလိုရာ ပို့ခဲ့ပြီးအပြန် .. ငါ့ရွက်တွေဟာ ကျိုးပဲ့လို့တက်တွေဟာ အလုပ်မလုပ်တော့ ..

တစ်ဆယ်

ခဏ . ခဏ အကျိုးပေးတယ် ကျွန်တော်ဟာ တစ်ဆယ်ဂဏန်းနဲ့ .. ခဏခဏ အကျိုးနည်းတယ်. ကျွန်တော်ဟာ တစ်ဆယ်ဂဏန်းနဲ့ ..

I.M (1) ကအကြောင်း

သတင်းပေါင်းစုံရောက်တဲ့ စာသင်ခန်းလေးမှာ ပြင်းထန်တဲ့အချုပ်အနှောင်တွေနဲ့ ကောင်မလေးအကြောင်းတွေဟေ့ ..

  • မှန်နံရံများ - ဖြိုးကျော်ထိုက်

    …..

  • မင်းတစ်ယောက်သာ - နေမျိုး

    တေးရေး၊ တေးဆို နေမျိုး ရဲ့ မင်းတစ်ယောက်သာ။ "လေပြည်ညှင်းတွေ တိုက်ခတ်မှ သာယာပါတယ် ချစ်သူအပြုံး၊ အချိန်တိုင်းမှာ အနားရှိမှ ပျော်ရွှင်ပါတယ် ချစ်သူအပြုံး" … ကိုယ့်ချစ်သူတစ်ယောက်တည်းကိုသာ စွဲမြဲပြီး ချစ်နေမယ် ဆိုတဲ့ သမရိုးကျ အဓိပ္ပာယ်နဲ့ သီချင်းလေးပေမယ့် သံစဉ်နဲ့ စာသား လိုက်ဖက်ပြီး နားထောင်လို့ ကောင်းတဲ့သီချင်းတစ်ပုဒ်ပါ။

  • နှုတ်ဆက်စာ - သဇင်

    တေးရေး အရိုး ရေးပေးထားတဲ့ သီချင်းတစ်ပုဒ်ပါ။ သဇင်ရဲ့ အဆိုကို မကြိုက်ပေမယ့် အရိုးရဲ့ စာသားတွေကြောင့် နားထောင်ဖြစ်ခဲ့ပါတယ်။

  • မင်းဘက်ကခွင့်လွှတ် - ဟဲလေး

    ကိုယ့်ဖက်က မှားပေမယ့် ချစ်လို့သာ မှားယွင်းခဲ့တာ ဖြစ်တယ်၊ ချစ်သူလေးသာ ဘေးနားမှာ ရှိရင် အင်အားတွေရှိတယ် ဆိုပြီး လှပတဲ့ ချစ်သူအတွက် စပ်ဆက်ထားတဲ့ ဟဲလေးရဲ့ ပုံစံ သီချင်းတစ်ပုဒ်ပါ။

  • ချစ်သူရဲ့ပုံပြင် - A နွန်

    "ရိုမီယို၊ ဂျူးလီယက် မမှီနိုင်ဘူးဆို၊ အာဒံ၊ ဧဝ ထက် တို့ချစ်မယ်ဆို အခုတော့လည်းလေ ပုံပြင်ထဲမှာ ချန်ထားခဲ့သူရယ်" ဆိုတဲ့ စာသားမျိုးနဲ့ ရေပန်းစားနေတဲ့ သီချင်းကို ပုံစံအသစ်မျိုးနဲ့ ကြားရမှာပါ။

  • ပြန်မဆုံဖြစ်ကြရင် - Vနိုထွန်း
  • လမ်းမခွဲကြေး - သြရသ + အေသင်ချိုဆွေ
  • အကြည့်တစ်ချက် - ဆင်ပေါက်

    သီချင်းအဟောင်းတွေကို version ပြောင်းပြီး ပြန်ဆိုရင် တချို့သီချင်းတွေကဆန်းသစ်သွားနိုင်ပေမယ့် တချို့ သီချင်းတွေကတော့ ပုံပျက်သွားတတ်ပါတယ်။ "လမ်းမခွဲကြေး" နဲ့ "အကြည့်တစ်ချက်" ကတော့ သိပ်မပြောင်းလဲပေမယ့် "ပြန်မဆုံဖြစ်ကြရင်" ကိုတော့ နောက်ဆုံး အပိုဒ် 2nd ဖြုတ်လိုက်တာကတော့ တော်တော်လေး ဘဝင်မကျဘူး။

  • ရင်မှာအရင်အတိုင်း - အစ္စဏီ

    မြင့်မြတ် နဲ့ စိုးမြတ်နန္ဒာ တို့ရဲ့ ဂျေ ရုပ်ရှင်ဇာတ်ကားထဲက သီချင်းကို rap စာသားဖြုတ်ပြီး ပြန်ဆိုထားတာပါ။ ရုပ်ရှင်ထဲက အတိုင်းမဟုတ်ပဲ တစ်မျိုး တစ်ဖုံ နဲ့ ကြားကြရမှာပါ။

  • မယုံနိုင်အောင် - သီရိဆွေ

    ရေး/ဆို သီရိဆွေရဲ့ သီချင်းတစ်ပုဒ်ပါ။ ငါ့လိုချစ်မယ့်သူ လောက် သီချင်းက မဆန်းပေမယ့် ရိုးရိုးလေးနဲ့ စာသားလှတဲ့သီချင်းတစ်ပုဒ်ပေါ့။

  • မျှော်လင့်ရင်းဝေး - မေသူ

    တေးရေး အောင်လ ရေးပေးထားပြီး မိန်းကလေး တစ်ယောက်ရဲ့ တစ်ဖက်သတ်အချစ်ကို ဖွဲ့ဆိုထားတဲ့ သီချင်းပါ။ စာသားတွေက အဓိပ္ပာယ် ပေါ့နေသလို မေသူရဲ့ ဆိုဟန်ကလည်း အားလျှော့နေပါတယ်။ သူသာ နည်းနည်း mood ထည့်ပြီး ဆိုလိုက်ရင်တော့ သီချင်းကောင်းတစ်ပုဒ်ဖြစ်သွားမှာပါ။ နှမြောစရာ။

  • နင်စေရင် - ပူစူး

တစ်မိုးအောက်၊ ဝန်ခံပါ၊ မျက်နှာ သီချင်းများကြိုက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့ဦးမယ့် ပူစူးရဲ့ အရေးအသားများနဲ့ သီချင်းကောင်းတစ်ပုဒ်ပေါ့။

Download Album

နီနီခင်ဇော်ဟာ၂၀၀၈ Melod World ပထမဆုပိုင်ရှင်ပါ။ သူ့သီချင်းလိုချင်သူများအတွက် ပြိုင်ပွဲတုန်းက သီချင်းအချို့နဲ့ ခွေထဲက သီချင်းတွေကို စုတင်ပေးလိုက်ပါတယ်။

  • 2008 Melody World level 1 မှာ နွဲ့ယဉ်ဝင်း ရေးပြီး လေးလေးဝါးဆိုထားတဲ့ ကိုယ်မညာတော့ဘူး သီချင်းနဲ့ ဒုတိယ၊
  • နောက်တစ်ခါထပ်ပြိုင်တဲ့ အခါမှာ တေးရေးဇဝါ၊ တေးဆို L ဆိုင်းဇီ ရဲ့ မလွမ်းရဲသေးဘူး မောင်ရယ် သီချင်းနဲ့ ပထမ၊
  • Level 2 မှာ ရေဗက္ကဝင်း(ရွှေဂျော်ဂျော်) ရဲ့ goody bye နဲ့ ပထမ၊
  • Level 3 မှာ ရေဗက္ကဝင်း (ရွှေဂျော်ဂျော်) ရဲ့ နမော်နမဲ့သီချင်းနဲ့ ဒုတိယ၊
  • Final မှာ တေးရေးမြင့်မိုးအောင် ရေးပေးတဲ့ ရပ် ဆိုတဲ့ သီချင်းနဲ့ ပထမဆုကို ရရှိသွားခဲ့ပါတယ်။

တေးရေး R ခိုင် ရဲ့ သီချင်းကောင်းလေးတစ်ပုဒ်ပါ။

  • ရန်သူ (the best of melody world vol.1)

    တေးရေး ရွှေဂျော်ဂျော် ရဲ့လက်ရာသီချင်းတစ်ပုဒ်ပေါ့.. ..

    သင်ခန်းစာ- ၂

  • လောလောဆယ်ကမှ ထွက်ထားတဲ့ စုမိ- ချစ်လို့မဝ ခွေထဲမှာ featuring ဆိုထားတာပါ။

~~ မင်းကိုသတိရရင် လျှောက်လည်ဖူးတဲ့နေရာတွေ ငါမင်းကိုတွေ့နေပါတယ် အနားမှာမရှိလည်း ..
တို့မဝေးဘူး တို့ယုံတယ်.. အို .. အိပ်မက်ထဲလည်း ညစဉ် တို့လွမ်းသလို မင်းမျှော်နေ လွမ်းမယ်ထင်တယ် ..
မမေ့ဘူး ထင်တယ် ~~

မင်းကိုသတိရရင် - ကောင်းကောင်း + မို့မို့လွင်

လိုက်ဖက်မှုမရှိတဲ့ တို့ဘဝတွေ ပေါင်းစပ်ဖို့ကြိုးစားတာ ငြိမ်းချမ်းမှုရှိရော ရှိပါ့မလား ~~

ချစ်စိတ်ငယ် - ခိုင်ရွှေဝါ

"ဝေးလို့နေလား . မေ့လို့နေလား" album မှ

ဖြူဖြူကျော်သိန်းရဲ့ လမ်းခွဲ ၊ ထွန်းအိန္ဒြာဗိုရဲ့ သူစိမ်းတို့ရဲ့အလယ်မှာ၊ဝိုင်းဝိုင်း+ မဒီ တို့ရဲ့ ဆန္ဒတစ်စုံ တို့နဲ့ ဆုရခဲ့ပြီးတော့ level 5 မှာ 2008 Melody World ရဲ့ တတိယဆုပိုင်ရှင် ကိုကိုမောင် နဲ့ အတူ လူနှစ်ယောက်ရဲ့မြစ် ကိုသီဆိုခဲ့ပြီး 2009 Melody World မှာ တတိယဆုရခဲ့ပါတယ်။ The Best of Melody World 2009 အခွေထဲမှာပါတဲ့ သူ့သီချင်းတွေကတော့ မဝေးရဲ နဲ့ ဒီတစ်ခါမခွဲတော့ဘူး တို့ပါ။


မျက်ရည်မရှိ

တေးရေး - နောင်နောင် (SF)




အိမ်မှာထိုင်ရင်း ငါလေတွေးမိတယ် သူဘာလုပ်နေမလဲ အခုချိန် .. ကိုယ်တော့ သီချင်းတစ်ပုဒ်နဲ့ ထိုင်ကာဆွေးပြီကွယ် ~~~



Melody World 2008 ပြိုင်ပွဲဝင်တွေအားလုံးထဲမှာ ချစ်စရာရုပ်ကလေး ကိုယ်ပိုင်စတိုင်၊ တမူထူးခြားတဲ့အသံနဲ့


ပရိသတ်တွေကို စွဲဆောင်နိုင်ခဲ့သူတစ်ယောက်ပါ။ Level 2 မှာ ဖြူဖြူကျော်သိန်းရဲ့ အချစ်များလက်ဆောင်

သီချင်းနဲ့ ပထမဆုရရှိခဲ့ပါတယ်။ ချမ်းချမ်းရဲ့ သီချင်းလက်ဆောင် နဲ့ Level 3 မှာ တတိယဆုကို ဆွတ်ခူးကာ

Melody World မှ ထုတ်လုပ်တဲ့ တေးစီးရီး ထဲမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ The Best Of Melody World 2008

(2) မှာ ဘုရားပေးတဲ့ဆု သီချင်းကို သီဆိုခဲ့ပါတယ်။ သီချင်းတွေကို ကိုယ်ပိုင်စတိုင်လ် အသံမာမာ နဲ့

သီဆိုတတ်သူတစ်ယောက်ပါ။ Living Songs အစီအစဉ်မှာ တေးရေး ညီညီသွင် ရဲ့ ရှင်သန်နေသောသီချင်းများ

အပတ်က 2007 က ဆုရသူ အောင်ခန့် နှင့် အတူ ရွှေရောင်အရှုံး ကို စုံတွဲသီဆိုခဲ့ပါတယ်။

တေးရေးရွှေဂျော်ဂျော် သီချင်းများ အပတ်မှာ ရေဗက္ကဝင်းရဲ့ အိန်ဂျယ် သီချင်းကို ကိုယ်ပိုင်စတိုင်လ် နဲ့ သီဆိုသွားပုံပါ။

Old songs, new version

၀၁။ မှန်နံရံများ – ဖြိုးကျော်ထိုက်
၀၂။ မင်းတစ်ယောက်သာ – နေမျိုး
၀၃။ နှုတ်ဆက်စာ – သဇင်
၀၄။ မင်းဘက်ကခွင့်လွှတ် – ဟဲလေး
၀၅။ ချစ်သူရဲ့ပုံပြင် – A နွန်
၀၆။ ပြန်မဆုံဖြစ်ကြရင် – Vနိုထွန်း
၀၇။ လမ်းမခွဲကြေး – သြရသ + အေသင်ချိုဆွေ
၀၈။ မယုံနိုင်အောင် – သီရိဆွေ
၀၉။ ရင်မှာအရင်အတိုင်း – အစ္စဏီ
၁၀။ မျှော်လင့်ရင်းဝေး – မေသူ
၁၁။ နင်စေရင် – ပူစူး
၁၂။ အကြည့်တစ်ချက် – ဆင်ပေါက်


ရင်မှာအရင်အတိုင်း - Crabs

Download album